JavaScript
| Paradigm | Multi-paradigm: scripting, object-oriented (prototype-based), imperative, functional, event-driven[၁] |
|---|---|
| ပေါ်ပေါက်ခဲ့ | မေ ၂၃၊ ၁၉၉၅ |
| ဒီဇိုင်းဆွဲသူ | Brendan Eich |
| မွမ်းမံသူ | Netscape Communications Corporation, Mozilla Foundation, Ecma International |
| နောက်ဆုံးထုတ် | ECMAScript 2016[၂]/ ဇွန် ၁၇၊ ၂၀၁၆ |
| အမျိုးအစားစနစ် | dynamic, duck |
| ပင်မ အသုံးချမှုများ | V8, JavaScriptCore, SpiderMonkey, Chakra |
| လွှမ်းမိုးခံ | Lua, Scheme, Perl, Self, Java, C, Python, AWK, HyperTalk |
| လွှမ်းမိုးခဲ့ | ActionScript, AtScript, CoffeeScript, Dart, JScript .NET, LiveScript, Objective-J, Opa, Perl 6, QML, TypeScript |
| Filename extension | .js |
|---|---|
| Internet media type |
|
| Uniform Type Identifier (UTI) | com.netscape.javascript-source [၄] |
| Type of format | Scripting language |
JavaScript သည် high-level, dynamic, untyped နှင့် interpret လုပ်သော ပရိုဂရမ်မင်းဘာသာရပ် တစ်မျိုးဖြစ်သည်။ HTML, စီအက်စ်အက်စ် (CSS) နှင့် Javascript တို့သည် ယခုခေတ် World Wide Web ၏ အသုံးများဆုံးသော အတွင်းကျဆုံး နည်းပညာများဖြစ်ပြီး၊ Website အများစုတွင်အသုံးပြုထားပြီး၊ ယခုခေတ် Web Browser အားလုံးသည် အထောက်အပံ့ပေးထားသည်။ Javascript သည် အော့ဗ်ဂျက် အိုရီယင့်တက် ပရိုဂရမ်းမင်း (OOP)၊ Imperative နှင့် Functional programming တို့ကို အထောက့်အပံ့ပြုလုပ်ပေးသည်။ စာများ၊ Array များ၊ နေ့စွဲများနှင့် regular expression တို့အတွက် API (Application Programming Interface) တို့ပါရှိပြီးဖြစ်သည်။ သို့သော် Input/Output (I/O) လုပ်ဆောင်ချက်များဖြစ်သော networking, storage သို့မဟုတ် GUI နှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် Javascript သည် သူကိုယ်ပိုင်လုပ်ဆောင်နေသော computer/server အပေါ်တွင်မှီခိုထားသည်။
Javascript နှင့် Java သည် အမည်ကအစ တူညီချက်များရှိသော်လည်း Javascript သည် Java programming language မဟုတ်သလို တီထွင်ဖန်တီးရေးသားသူလဲမတူပါ။ တူညီချက်များမှာ ဘာသာရပ်အမည်၊ ရေးနည်း (Syntax)၊ နှင့် standard libraries များဖြစ်သော်လဲ ထိုဘာသာရပ်နှစ်မျိုးမှာ ဒီဇိုင်းမတူညီပေ။
JavaScript သည် Web Programming Language တစ်ခုပင်ဖြစ်သည်။ C, C++,C#,Php များကဲ့သို့မဟုတ် ယေဘုယအားဖြင့် browser ထဲ၌သာအလုပ်လုပ်သော Programming Language ဖြစ်သည်။ JavaScript ကို HTML ဖိုင်ထဲတွင်တိုက်ရိုက်ရေးသားနိုင်သည့်အပြင် .JS ဖိုင်ဖြင့်သီးသန့်ရေးသားနိုင်သည်။ JavaScript ကို ရေးသားရန် Notepad , Text Document ကဲ့သို့ Text file များဖြင့်အလွယ်တကူရေးသားနိုင်ပေသည်။ Web Programming Language အဖြစ်သာရပ်တည်ခဲ့သော JavaScript သည်ယနေ့ခေတ်တွင် စက်ရုပ်များအတွင်း၌ပင် ရေးသားအသုံးပြုနိုင်ပြီဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Flanagan 2011, pp. 1–2.
- ↑ Standard ECMA-262။ Ecma International (2015-06-17)။
- ↑ RFC 4329။ Apps.ietf.org။ 16 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2016 တွင် ပြန်စစ်ပြီး။
- ↑ System-Declared Uniform Type Identifiers။ Mac OS X Reference Library။ Apple Inc.။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-05 တွင် ပြန်စစ်ပြီး။

Formed in 2009, the Archive Team (not to be confused with the archive.org Archive-It Team) is a rogue archivist collective dedicated to saving copies of rapidly dying or deleted websites for the sake of history and digital heritage. The group is 100% composed of volunteers and interested parties, and has expanded into a large amount of related projects for saving online and digital history.
