close
Jump to content

အဆင့်ချင်းတွက်နည်း

ဝီကီးပီးဒီးယား က
Image
အကြီးဆုံးဘုံ ဆခွဲကိန်းကို တွက်ချက်ရေယူကလစ်ဧ အဆင့်ဆင့်လုပ်ဆောင်မှုပြကားချပ်

ကွန်ပျူတာ သိပ္ပံနန့် သင်္ချာပညာရပ်တိတွင် အဆင့်ဆင့်တွက်နည်း (အင်္ဂလိပ်: algorithm; /ˈælɡərɪðəm/ (Image )) ဆိုစွာမှာ အလုပ်တစ်ခုကို ပြုလုပ်ရန် အတွက် ဇာချင့်တိပိုင် လုပ်ဆောင်ရဖို့ ဆိုရေ စေညွှန်းချက်တိကို စနစ်တကျ အဓိပ္ပာယ်ဖွင့်ဆိုရေ နည်းလမ်းတစ်ခုဖြစ်ရေ။ အဆင့်ဆင့်တွက်နည်းကို တွက်ချက်ခြင်း၊ အချက်အလက်တိကို ကိုင်တွယ်ဖြေသျှင်ခြင်းနန့် အလိုအလျောက် ဆင်ခြင်မှုပြုခြင်း ရို့အတွက် အသုံးပြုလေ့ ဟိရေ။ ကွန်ပျူတာမျျားရေ လူသားတိပိုင် ဆက်စပ်တိးခေါ်ခြင်း ကျိုးကြောင်းဆီလျော်တိးခေါ်ခြင်းတိ မတတ်ရေအတွက် ကွန်ပျူတာတိကို အဆင့်ဆင့်တွက်ချက်နည်း (သို့)လုပ်ဆောင်ချက်တိအား တိတိကျကျရီးပီးရရေ။ Algorithm အများစုမှာ သာမှန်လူနားလည်နိုင်ရေနည်းဖြင့် ရီးသားကတ်ရေ။ ထို Algorithm တိကို ကွန်ပျူတာတိနားလည်ရေ ဘာသာရပ်အဖြစ်ပြောင်းခြင်းကို programming ဟုခေါ်ရေ။